ကရုဏာတော်နှင့် ကျေးဇူးတော်
အဝေးပြေးလမ်းမဘေး အမြန်လမ်းကြောနှင့် ပေအနည်းငယ်အကွာတွင် နေကြာပန်းပင်တစ်ပင်သည် တစ်ပင်တည်းတည်း ငွားငွားစွင့်စွင့် ပွင့်လန်းနေ သည်။ ထိုနေရာကိုကားဖြတ်မောင်းသွားစဉ် ၎င်းအနီးဝန်းကျင်၌ မည်သည့် နေကြာပင်မှ မရှိပါဘဲလျက် မည်သို့ပေါက်နေပါလိမ့်ဟု ကျွန်ုပ်တွေးမိသည်။ ရှင်သန်ရန်ခဲယဉ်းသည့်နေရာ၊ ကျောက်စရစ်လွှမ်းသော ကားလမ်းနှင့်နီးလွန်းသည့်နေရာတွင် ရှင်သန်နေသည့်အပင်ကို ဘုရားသခင်သာ ဖန်ဆင်းပေးနိုင်မည်။ နေကြာပင်လေးက လေးပြေညင်းတွင် ယိမ်းနွဲ့လျက် အလျင်အမြန်သွားလာ နေသည့် ခရီးသွားများကို ရွှင်လန်းစွာ ကြိုဆိုနှုတ်ခွန်းဆက်နေသည်။
ဓမ္မဟောင်းကျမ်းတွင် မထင်မှတ်ဘဲ အံ့ဖွယ်သစ္စာတည်သည့် ယုဒဘုရင် တစ်ပါးအကြောင်း ဖော်ပြထားသည်။ သူ၏ဘိုးတော်နှင့်ခမည်းတော်သည် အခြားတစ်ပါးသောဘုရားကို စိတ်အားကြီးစွာ ကိုးကွယ်ခဲ့သူများ ဖြစ်သည်။ သို့သော် ယောရှိမင်းသည် သူနန်းထိုင်ပြီး "အသက်တော်ငယ်စဉ် နန်းစံ ၈ နှစ် တွင် အဘဒါဝိဒ်၏ဘုရားသခင်ကိုဆည်းကပ်စပြု၏"(၆ ရာ ၃၄:၃)။ ထာဝရ ဘုရား၏အိမ်တော်ကိုပြုပြင်ရန် လုပ်ဆောင်မည့်သူများအား စေလွှတ်ပြီး(:၈) ၎င်းတို့ ဗိမာန်တော်ကိုပြုပြင်စဥ် မောရှေရေးသည့်ပညတ္တိကျမ်း (ဓမ္မဟောင်းမှ ပထမငါးကျမ်း)ကို…
နားထောင်ခြင်းသည် အရေးကြီးသည်
"ရေခဲတောင်ကြီးနဲ့ တိုက်မိပြီ။ အခုချက်ခြင်းလာပါ။" ၎င်းသည် ၁၉၁၂ ခု၊ ဧပြီလ ၁၅ ရက်၊ နံနက် ၁၂:၂၅ နာရီတွင် RMS Carpathia (ခါဖေးသီရာ)သင်္ဘောမှ ကြိုးမဲ့ ဆက်သွယ်ရေးအော်ပရေတာ Harold Cottam (ဟဲရယ်ခေါ်တန်)သည် နှစ်မြှုပ် နေသည့် RMS Titanic (တိုင်တန်းနစ်)သင်္ဘောထံမှရရှိခဲ့သော ပထမဆုံးသတင်း ဖြစ်သည်။ Carpathia သည် အန္တရာယ်တွေ့နေသည့်နေရာသို့ ပထမဆုံးရောက်ရှိ ခဲ့သော သင်္ဘောဖြစ်ပြီး လူပေါင်း ၇၀၆ ဦး၏ အသက်ကို ကယ်တင်ပေးနိုင်ခဲ့သည်။
ရက်အနည်းငယ်အကြာ အမေရိကန်ပြည် အထက်လွှတ်တော်ကြားနာမှုတွင် Carpathia သင်္ဘော၏ကပ္ပတိန် Arthur Rostron (အာသာ ရော့စထရွန်)က "အဖြစ်အပျက်တစ်ခုလုံးဟာ လုံးဝကို ကံကောင်းထောက်မမှုပဲ။... အဲဒီအချိန်မှာ ဒီဝန်ထမ်းဟာ တရားဝင်အလုပ်ချိန်မဟုတ်ဘဲ အခန်းထဲမှာ အင်္ကျီလဲနေရင်း ကြေးနန်းကို ဒီလိုပဲ နားထောင်နေတာ။ ၁၀ မိနစ်အတွင်းမှာ…
ဆုတောင်းချက်၊ မြေမှုန့်နှင့် ကြယ်များ
လာရာနှင့် ဒေ့ဗ်တို့သည် ကလေးအလွန်အမင်းလိုချင်ကြသော်လည်း သူတို့ ကလေးမရနိုင်ကြောင်း ဆရာဝန်ကပြောပါသည်။ လာရာက သူစိတ်ချရသည့် သူငယ်ချင်းတစ်ဉီးအား "ကျွန်မ ဘုရားသခင်နှင့် တကယ်ရိုးသားပွင့်လင်းစွာ စကား ပြောခဲ့တယ်" ဟု အတွင်းစကားဆိုခဲ့သည်။ ထိုသို့ အကြိမ်များစွာ စကားပြောခဲ့ပြီးနောက် သူတို့အသင်းတော်မှ ကလေးမွေးစားခြင်း အမှုတော်အကြောင်း သူတို့အား ဝေမျှပြောပြခဲ့သည့်သင်းအုပ်နှင့် သူတို့စကားပြောဖြစ်သည်။ တစ်နှစ် အကြာတွင် လသားအရွယ် သားယောကျ်ားလေးတစ်ဉီးကို သူတို့မွေးစားခွင့်ရခဲ့သည်။
ကမ္ဘာဉီးကျမ်း အခန်းကြီး ၁၅ တွင် အာဗြဟံနှင့် ဘုရားသခင်ကြားရှိ ရိုးသား ပွင့်လင်းစွာ အပြန်အလှန်စကားပြောဆိုသည့်အကြောင်းကို ဖတ်ရှုရသည်။ ဘုရားသခင်က "အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ သင်၏အကျိုးသည် အလွန်ကြီးလှ၏" (:၁)ဟု မိန့်တော်မူသည်။ သို့သော် အာဗြံက သူ့အနာဂတ်နှင့်ပတ်သက်၍ ဘုရားသခင်၏ကတိတော်အပေါ် မသေချာမရေရာဖြစ်လျက် "အရှင်ထာဝရ ဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲ သွားရပါ၏။ ... သို့ဖြစ်၍ အဘယ်ဆုကျေးဇူးကို…
ဘုရားသခင်၌ ယုံကြည်ကိုးစားပါ၏
အမေရိကန်တော်လှန်ရေးစစ်ပွဲ အစပိုင်းရက်များတွင် Quebec(ကွီးဘက်)မြို့၌ရှိသည့် ဗြိတိသျှတပ်များကို တိုက်ထုတ်ရန် စစ်ဆင်ရေးအဖွဲ့ကို စေလွှတ်လိုက်သည်။ထိုအဖွဲ့သည် Massachusetts (မက်စက်ချူးဆက်)ပြည်နယ် Newburyport (နယူးဘယ်ရီပို့တ်)မြို့ကို ဖြတ်ကျော်ပြီး ကနေဒါနိုင်ငံသို့သွားသောလမ်းတွင်ရှိသည့် နာမည်ကျော် ဧဝံဂေလိဆရာ George Whitefield (ဂျော့ဂျ်ဝှိုက်ဖီးလ်)၏အုတ်ဂူ သို့သွားရောက်လည်ပတ်ခဲ့သည်။ သူ၏ခေါင်းတလားသည် ပွင့်လျက်ရှိပြီး သူ၏ ဘုန်းတော်ကြီးဝတ်စုံ လည်ပတ်နှင့်လက်ပတ်တို့ကို ဖယ်ရှားထားသည်။ သူ့ဝတ်စံုကို အပိုင်းပိုင်းဆုတ်ဖြဲပြီး အဖွဲ့ဝင်များဆောင်ထားရန် ဝေပေးသည်။ ၎င်းသည် စစ်သည်များအား စစ်အောင်လိမ့်မည်ဟု ယုံမှားစေသည်။
စစ်ဆင်ရေးအဖွဲ့သည် မအောင်မြင်ခဲ့ပါ။ ကျွန်ုပ်တို့လူသားများသည် ဘုရားသခင်နှင့်ဆက်ဆံရေးထက် မိမိကောင်းစားရေးအတွက် ငွေကြေး၊ လူ၏ ခွန်အားအစွမ်း (သို့) ဘာသာရေးဓလေ့ အဆောင်များကိုသာ ပို၍ မှီခိုလိုကြောင်း စစ်သည်များက သက်သေပြနေသည်။ အာရှုရိလူတို့ ကျုးကျော်ခြိမ်းခြောက်လာ စဥ် ဣသရေလလူတို့သည် အပြစ်မှနောင်တရပြီး ဘုရားရှင်ထံလှည့်ပြန်ရမည့် အစား ဖာရောမင်းထံ အကူအညီတောင်းခဲ့သည်။ "ဣသရေလအမျိုး၏သန့်ရှင်း တော်မူသောဘုရား၊ အရှင်ထာဝရဘုရား…
တရားသဖြင့်စီရင်သောဘုရား
Mrs. O’Leary ၏နွားမသည် မြို့နေလူထု ၃ ပုံ ၁ပုံကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သည့် ၁၈၇၁ ခုနှစ် ချီကာဂိုမြို့မီးလောင်မှုကြီးအတွက် အပြစ်တင်ခံခဲ့ရသည်။ တစ်သုန်သုန်တိုက်ခတ်သည့် လေပြင်းကြောင့် သစ်သားအဆောက်အအုံများကို ၃ ရက်တိုင် မီးလောင်ကျွမ်းခဲ့ပြီး လူ ၃၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ကြရသည်။ ၎င်းသည် သမိုင်း တစ်လျှောက်တွင် အကြီးဆုံး အပြစ်တင်ခံရသည့်နွားမ ဖြစ်နိုင်သည်။
နွားက မီးအိမ်ကို တိုက်ချမိပြီး နွားတင်းကုပ်ကို မီးစွဲသွားသောကြောင့် မီးစတင်လောင်ခဲ့သည်ဟု အများက နှစ်ပေါင်းများစွာတိုင် ယုံကြည်ခဲ့ကြသည်။ ၁၂၆ နှစ် အကြာ နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးသောအခါ မြို့မီးသတ် ရဲဌာနကော်မတီက နွားမနှင့်သူ့သခင်၌ အပြစ်မရှိကြောင်းဆုံးဖြတ်ခဲ့ပြီး၊ အိမ်နီးချင်းများကို တရားဝင် စုံစမ်းစစ်ဆေးခြင်းများပြုလုပ်ရန် အကြံပြုခဲ့သည်။
တရားမျှတမှုရရန် တစ်ခါတစ်ရံ အချိန်ကြာလေ့ရှိပြီး နှုတ်ကပတ်တော် မှလည်း ထိုအရာသည် မည်မျှခက်ခဲကြောင်းကို ပြောထားသည်။ "အဘယ်မျှ…
တန်သလား (သို့) ထိုက်တန်သလား
ဟယ်လင် ရို့စ်ဗွီရေး (Helen Roseveare) သည် အာဖရိကတိုက်ရှိ ကွန်ဂိုနိုင်ငံ၌ အစေခံသည့် အင်္ဂလိပ်လူမျိုး သာသနာပြုဆရာဝန်တစ်ဉီးဖြစ်ပြီး၊ ၁၉၆၄ ခုနှစ် စင်ဘာတော်လှန်ရေး အတွင်း သူပုန်များ၏ဖမ်းဆီးခြင်းခံခဲ့ရသည်။ အကျဉ်းသား ဘဝ၌ ရိုက်နှက်ခံရပြီး မတရားစော်ကားခံရသဖြင့် သူမခံရသည့် ဆင်းရဲဒုက္ခက ဆိုးဝါးလှသည်။ ထိုကာလနောက်ပိုင်းတွင် "ဒီလိုခံရတာ တန်သလား"ဟု သူ့ကိုယ်သူ မေးခွန်းထုတ်မိသည်။
သခင်ယေရှုနောက်တော် လိုက်လျှောက်ခြင်း၏အဖိုးအခကို ဆင်ခြင်ရင်း၊ ဘုရားရှင် သူမကိုစကားပြောနေကြောင်း သူမသိလာရသည်။ နှစ်များစွာကုန်လွန်ပြီးနောက် "တော်လှန်ပုန်ကန်သည့်ကာလမှာ ဆိုးဝါးတဲ့အခိုက်အတန့်ကြုံလာရပြီး ပေးရတဲ့အဖိုးအခကြီးလေးလိုက်တာလို့ ထင်မိတဲ့အခါ ဘုရားသခင်က 'မေးခွန်းကို ပြင်လိုက်ပါ။ တန်သလားလို့ မမေးဘဲ ငါခံထိုက်သလားလို့ မေးလိုက်ပါ' လို့ ပြောနေသလို ပဲ။ ဆင်းရဲဒုက္ခနာကျင်မှု ခံစားရသည့်တိုင် အဖြေကတော့ အမြဲတမ်းပဲ 'ဟုတ်တယ်၊ ကိုယ်တော်ဟာ ထိုက်တန်သူဖြစ်တယ်'"ဟု အင်တာဗြူးမေးသူကို ဖြေခဲ့သည်။
မည်သို့ပင်ရင်ဆိုင်ကြုံတွေ့ရပါစေ၊ သူမအတွက် အသေခံသည့်တိုင်…
မာကျောသောမြေနှင့် နူးညံ့သောကရုဏာ
ဂျိမ်းစ် အသက် ၆ နှစ်အရွယ်တွင် သူ၏အစ်ကိုဒေးဗစ်သည် နှင်းလျှောစီး စကိတ် မတော်တဆမှုဖြစ်ပြီး ကြေကွဲဖွယ်အသက်ဆုံးရှုံးခဲ့ရသည်။ ဒေးဗစ်၏အသက် ၁၄နှစ် ပြည့်မွေးနေ့မတိုင်မီ မတော်တဆမှုဖြစ်ခဲ့ခြင်းဖြစ်သည်။ ဂျိမ်းစ်သည် အလွန် ပူဆွေးဝမ်းနည်းနေသော သူ့မိခင် မာဂရက်ကို အကောင်းဆုံးနှစ်သိမ့်ပေး ခဲ့သည်။ တစ်ခါတစ်ရံ အမေသည် သားကြီးအရွယ်ရောက်လာလျှင် ကြုံရမည့် စိန်ခေါ်မှုများကို ဘယ်တော့မှရင်ဆိုင်ရတော့မည်မဟုတ်ကြောင်း မိမိကိုယ်ကို သတိပေးမိပြန်သည်။ ထိုအတွေးက ဂျိမ်းစ်ဘာရီ (James Berrie)၏စိတ်ကူးတွင် ဆယ်စုနှစ် တစ်ခု ကြာပြီးနောက် ကလေးများအကြိုက်၊ ဘယ်တော့မှ အသက်မကြီး သည့် ကာတွန်းဇာတ်ကောင် ပီတာပန် ကို သူဖန်တီးရေးသားခဲ့သည်။ လူသွားလမ်း နံဘေးမှ ပန်းပင်လေးသည် ကြိုးစားပွင့်လန်းနိုင်သကဲ့သို့ မထင်ရလောက်အောင် မာကျောသော နာကျင်ခြင်းမြေမှ ကောင်းသောအရာများ ထွက်ပေါ်တတ်သည်။
ခက်ခဲသောအခြေအနေမှ ကောင်းသောအရာကို ဘုရားသခင် ထုတ်ဆောင် ပေးနိုင်ခြင်းမှာ အလွန်အားရသက်သာဖွယ်ဖြစ်သည်။ ဤအချက်ကို လှပစွာ…
ငြင်းပယ်ခံရသူများအတွက်ခိုလှုံရာ
သမိုင်းတစ်လျှောက် ဆုကျေးဇူးအပြည့်ဆုံးနှင့် အထိရောက်ဆုံးဟောပြောနိုင်သည့် တရားဟောဆရာများတွင် ဂျော့ဝှိုက်ဖီးလ်ဒ် (George Whitefield) (၁၇၁၄-၁၇၇၀) ပါဝင်သည်။ သူသည် လူထောင်ပေါင်းများစွာကို သခင်ယေရှုထံ ပို့ဆောင်နိုင်ခဲ့သူ ဖြစ်သည်။ သို့ရာတွင် သူ့အသက်တာသည်လည်း အချေအတင် အငြင်းပွားသည့်ကိစ္စများနှင့် မလွတ်ခဲ့ပါ။ လူများစွာပါဝင်နိုင်ရန်ရည်ရွယ်ပြီး လေဟာပြင် တရားဟောပွဲများကို ကျင်းပလေ့ရှိသည့်အတွက် သူ၏ရည်ရွယ်ချက် ကို မေးခွန်းထုတ်ခဲ့ပြီး နံရံလေးဘက်ရှိသည့် အသင်းတော်အဆောက်အအုံ အတွင်း ၌သာ သူတရားဟောသင့်သည်ဟု ယူဆသူများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။ သူ၏အုတ်ဂူပေါ်တွင် ရေးထားသည့်စာသားက သူ့အား ကြမ်းတမ်းစွာပြောဆို သူများအပေါ် သူ၏တုံ့ပြန်မှုကို ထင်ဟပ်လျက်ရှိသည်။ "ကျွန်ုပ်၏စရိုက်သဘော ကို ဖြေရှင်းရန်အတွက် တရားစီရင်ရာနေ့အထိ စောင့်ဆိုင်းဖို့ ကျွန်ုပ်ဆန္ဒရှိပါသည်။ ကျွန်ုပ်သေပြီးနောက် 'ဤနေရာတွင် ဂျော့ဝှိုက်ဖီးလ်ဒ် လဲလျောင်းလျက်ရှိသည်။ သူသည် မည်ကဲ့သို့သောလူမျိုးဖြစ်သည်ကို စီရင်ရာနေ့ကြီးက ထုတ်ဖော်ပြသ မည်ဖြစ်သည်'ဆိုတဲ့ သင်္ချိုင်းစာထက် အခြားဘာစာကိုမှ ကျွန်ုပ်အလိုမရှိပါဘူး။"
ဓမ္မဟောင်းကျမ်းတွင်…
ကာကွယ်စောင့်ရှောက်ပေးနေသည်
နွေဦးရာသီ၌ စိုက်ပျိုးရေးအတွက် ပြင်ဆင်နေစဉ် ဆောင်းရာသီ၌ပေါက်သော ပေါင်းပင်အဆုပ်လိုက်ကို ဆွဲနှုတ်ပြီး လေထဲပစ်လိုက်သည်။ အဆိပ် ရှိသော ကြေးနီရောင်ခေါင်းနှင့်မြွေဆိုးတစ်ကောင်သည် ကျွန်တော့်လက်အောက်နား (၁) လက်မခန့်အကွာရှိ ပင်ခြေပိတ်ပေါင်းထဲတွင် ခွေနေပြီး ဖုံးကွယ်နေသော ကြောင့် မှားပြီးကိုင်မိနိုင်သည်။ ထိုပေါင်းပင်စုကို ဆွဲနှုတ်လိုက်စဥ် ထိုမြွေ၏ အရောင်ကိုမြင်လိုက်ရပြီး မြွေ၏ကျန်အစိတ်အပိုင်းများက ကျွန်တော့် ခြေထောက်ကြားတွင် အခွေလိုက်ရှိနေသည်။
မြွေနှင့်ဝေးရာသို့ ပေအနည်းငယ်ရွေ့လိုက်ပြီးမှ မြွေကိုက်မခံရသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်လိုက်မိသည်။ ထိုအချိန်ကျမှ ဘယ်တုန်းကမှမသိခဲ့သောအန္တရာယ်များမှ ဘုရားရှင်သည် ကျွန်တော့်ကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါမျှ ကာကွယ်ပေးနေခဲ့ပါသနည်းဟု အတွေးဝင်မိသည်။
ဘုရားသခင်သည် သူ၏လူမျိုးတော်ကို စောင့်ကြည့်နေပါသည်။ ကတိထား တော်မူသောပြည်သို့ မဝင်ရောက်မီ မောရှေက "သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့်ရှိတော်မူလိမ့်မည်။ သင့်ကိုစွန့်တော်မမူ၊ ပစ်ထားတော် မမူ။ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်" ဟု ဣသရေလလူမျိုးတို့ရှေ့မှာပြောခဲ့သည် (တရား ၃၁:၈)။ ဘုရားသခင်ကို…
ကောင်းချီးမင်္ဂလာကိုစောင့်ဆိုင်းခြင်း
ဘန်ကောက်မြို့၏နာမည်ကြီးစားသောက်ဆိုင်တစ်ခု၌ ရောင်းချသည့် စွပ်ပြုတ်ကို နှစ်ပေါင်း ၄၅ နှစ်တိုင် ချက်ပြုတ်ထားသော အသားပြုတ်ရည်နှင့် ပြုလုပ်ထားပြီး၊ တစ်နေ့နည်းနည်းစီ ထိုအသားပြုတ်ရည်ကို ပြန်ဖြည့်ရသည်။ လက်ကျန်ဟင်းရည်သည် နောက်ရက်အနည်းငယ်အကြာတွင် အရသာပိုမို ကောင်းလာခြင်းကြောင့် ချက်ပြုတ်ချိန်ကို ထပ်မံတိုးမြှင့်လိုက်သောအခါ ရောနှောသွားသည့် ဟင်းရည် ၂မျိုးမှာ ထူးကဲသောအရသာကို ဖန်တီးပေးသည်။ ထိုင်းနိုင်ငံ၏အရသာအရှိဆုံး စွပ်ပြုတ်ဖြစ်ခြင်းကြောင့် ဤစားသောက်ဆိုင်သည် ဆုများစွာ ရရှိခဲ့သည်။
တစ်ခါတစ်ရံ ကောင်းသောအရာဖြစ်လာရန် အချိန်ယူရသည်။ သို့သော် လူ့သဘာဝက စိတ်ရှည်နိုင်ဖို့ ခက်ခဲလှသည်။ သမ္မာကျမ်းစာ တစ်အုပ်လုံးတွင် “ဘယ်လောက်ကြာမှာလဲ”ဆိုသည့် မေးခွန်းကို တွေ့ရသည်။ သနားစဖွယ် ဥပမာ ပြရလျှင် ပရောဖက်ဟဗက္ကုတ်က “အို ထာ၀ရဘုရား၊ ကိုယ်တော်သည် ကြားတော်မမူဘဲ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါမည်နည်း” (ဟဗ ၁:၂)
ဟု သူ၏အနာဂတ္တိကျမ်းကို အစပြုခဲ့သည်။ ဟဗက္ကုတ် (အဓိပ္ပာယ်မှာ နပန်းလုံး သတ်ပုတ်သူ)သည် ရက်စက်သော…